နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) လူငယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စီးပွားရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်း ဖြင့် မိမိတို့နိုင်ငံ လုံခြုံမှု ရရန် ဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်သည့် MNDAA၊TNLA နှင့် AAအဖွဲ့(၃)ဖွဲ့တို့၏၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာချက်အား ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော်ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး အနေဖြင့်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ရှန်းယန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၁၉၃၇ ခုနှစ်က ဂျပန်စစ်သားများကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်သေဆုံးခဲ့ရသည့် နာမည်ဆိုးဖြင့် ကျော်စောသော နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအကြောင်း အသေးစိတ်အချက်အလက်များပါဝင်သည့် ဒိုင်ယာရီမှတ်တမ်း တစ်အုပ်အား တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်၌ ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ပြသလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဌာန က တာဝန်ယူ ရိုက်ကူးထားသည့် “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း”— ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်လမ်း အား ဒီဇင်ဘာ...
ကွမ်ရှီးကျွမ့်၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်း အသက်မွေးမှုနည်းပညာကောလိပ် ကျောင်းသူကျောင်းသားပေါင်း ၂၄ဝဝ ဦးက ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထူထောင်ခြင်း နှစ် ၆ဝ ပြည့်အထိမ်းအမှတ်နှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးသည့် နှစ် ၄ဝ မြောက်အထိမ်းအမှတ် အဖြစ် တရုတ်နိုင်ငံမြေပုံ နှင့် အခြားတရုတ်စာလုံးပုံစံများကို လှပစွာပုံဖော်ခဲ့ကြသည်။(Xinhua)