ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စစ်ပြန်များအား ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဆုတံဆိပ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ယနေ့ ဇူလိုင် ၃ရက် နံနက် ၁၀နာရီထိ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရရှိသူ ၅၄ ဦးရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) တတိယအကြိမ်မြောက် ထပ်မံပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သူ အောင်လအန်ဆန်သည် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။
ဆန်တီယာဂို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ၏မြို့တော် ဆန်တီယာဂိုတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကားအသစ် အစီး ၁၅၀ စတင်ပြေးဆွဲလျက်ရှိသည်။ တရုတ်နိုင်ငံ BYD ကုမ္ပဏီမှထုတ်လုပ်ခဲ့သော လျှပ်စစ်ဘတ်စ်ကားအသစ် အစီး ၁၅၀သည် ဆန်တီယာဂိုမြို့တော်၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုမည်ဖြစ်သည်။ယခုနှစ် ဇွန်လအစောပိုင်းက မြို့တော် ဆန်တီယာဂိုသို့ လျှပ်စစ်ဘတ်စ်ကားများသယ်ဆောင်လာသော ရေယာဉ်က...