Connect with us

WORLD

အမေရိကန်ဒုတိယသမ္မတမိုက်ပန့်စ်၏ ရုံးအဖွဲ့မှူး ကိုရိုနာဗိုင်းရပ်စ် positive အဖြေထွက်

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်၏ (chief of staff) ရုံးအဖွဲ့မှူးဖြစ်သူ Marc Short အား အောက်တိုဘာ ၂၄ ရက်က COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“ ဒီနေ့ ဒုတိယသမ္မတရဲ့ရုံးအဖွဲ့မှူး Marc Short မှာ COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူ့ကို သီးခြား စတင် ခွဲထားပြီး ထိတွေ့သူတွေိကို ရှာဖွေဖော်ထုတ်နေပါတယ်” ဟု ဒုသမ္မတမိုက်ပန့်စ်၏ ပြန်ကြာရေးတာဝန်ခံ Devin O’Malley က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“ ဒုတိယသမ္မတပန့်စ်နဲ့ ဇနီး မစ္စပန့်စ်တို့နှစ်ဦးစလုံး ဒီနေ့ COVID-19 ရောဂါ စစ်ဆေးရာမှာတော့ negative အဖြေထွက်ပါတယ်။ သူတို့ရဲ့ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်” ဟု ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
ထို့ပြင်ကြေညာချက်ထဲတွင် “ ဒုတိယသမ္မတမိုက်ပန့်စ်ဟာ ရုံးအဖွဲ့မှူးMr Short နဲ့ အနီးကပ် ထိတွေ့ခဲ့သူတစ်ဦးဖြစ်လို့ သူ့ကို အိမ်ဖြူတော်ကျန်းမာရေးစောင့်ရှောက်မှုယူနစ်မှာ ဂရုစိုက်ဆွေးနွေးမှုပြုလုပ်ထားပါတယ် ၊ ဒုသမ္မတဟာ တစ်ကိုယ်ရေကျန်းမာရေးအတွက် မဖြစ်မနေလိုက်နာရမယ့် CDC လမ်းညွှန်ချက်နဲ့အညီ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ဆက်ပြီးလုပ်ကိုင်နေပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။(Xinhua)