ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ထိပ်သီး အစည်းအဝေးနှင့် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးတက်ရောက်ရန် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးကယနေ့သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(UNICEF) ဆိုင်ရာ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက်အရွယ် ချစ်ကြည်ရေးသံတမန် ဝမ်းယွမ် (Wang Yuan) က ကမာ္ဘတစ်ဝန်းရှိ ကလေးငယ်အားလုံးအတွက် အရည်အသွေးပြည့်ဝသော ပညာသင်ကြားခွင့်ရရှိစေရေး တွန်းအားပေးသွားရန် နိုဝင်ဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စ နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တိုကျို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့လည်ခေါင်တွင်ရှိသော ကုန်သွယ်ရေးဝန်ကြီးဌာန ၏ မြေအောက်ထပ်ကားပါကင်တွင် နိုဝင်ဘာလ ၂၀ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူမရှိကြောင်း ရဲနှင့် မီးသတ်သမားများ ၏ ပြောကြားချက်အရ သိရသည်။