ရန်ကုန်၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ COVID-19 ရောဂါပျောက်ကင်း၍ ဆင်းရုံမှဆင်းခွင့်ရသူ စက်တင်ဘာ ၈ ရက် အထိ ၁၀၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် ဇန်နဝါရီလတွင် လူအများအပြားပါဝင်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေးထိုးနှံခြင်း လှုံ့ဆော်မှု စတင်သွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) သြဂုတ် ၂၃ ရက် မှ သြဂုတ် ၂၉ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၃,၃၆၇ဒသမ ၇၆ တန်ကို ပြည်ပ ၁၇ နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ကိုလံဘို၊စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက သီရိလင်္ကာနိုင်ငံ၏ အခင်းအကျင်းကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း မြို့တော်ကိုလံဘိုရှိ တရုတ်နိုင်ငံတည်ဆောက်လျက်ရှိသည့် စီမံကိန်းကိုလာရောက်လည်ပတ်သည့် ခရီးစဉ်တွင် သီရိလင်္ကာဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး TharakaBalasuriya က ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် နှင့် ကယားပြည်နယ်အတွင်းရှိဂေဟာ/ရိပ်သာများသို့ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။