နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) အခြေခံပညာကျောင်းများအား ဇူလိုင်လလယ်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း (ပညာ)က ယနေ့ ညနေပိုင်း ပြုလုပ်သော အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၁ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြောက်ပိုင်းမှ တရုတ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေးဥမင်တစ်လျှောက် မြေတူးခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း China Railway No.2 Engineering (CREC-2) က ဆင်ဟွာသတင်းဌာနသို့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊မေ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကိုသာ အောင်မြင်မှု ရရှိအောင် အမြန်ဆုံးကြိုးပမ်းသွားရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းထံသို့ နောက်ဆုံးရာဇသံပေးပို့ရမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။