Connect with us

Asia

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် မီးရထားနှင့် ဘတ်စ်ကားတိုက်မိရာ လူ ၁၇ ဦးသေဆုံး ၊ ၃၀ ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် ရထားနှင့်ဘတ်စ်ကား တိုက်မိမှုဖြစ်ပွားရာ နေရာအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်က မီးရထားနှင့် ဘတ်စ်ကားတိုက်မိမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးပြီး အခြား ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒေသ စံတော်ချိန် ၈ နာရီ ၃၀ မိနစ်တွင် ခရီးသည် ၆၀ ခန့် တင်ဆောင်လာသည့် ဘတ်စ်ကားသည် Chachoengsaoပြည်နယ် ဘူတာတစ်ခုတွင် ကွန်တင်နာများတင်ဆောင်လာသည့် ကုန်တင်ရထားတစ်စီးနှင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် ရထားနှင့်ဘတ်စ်ကား တိုက်မိမှုဖြစ်ပွားရာ နေရာအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားချိန်တွင် အဆိုပါဘတ်စ်ကားသည် ရထားတစ်စီးဖြတ်သွားသည်ကို စောင့်ဆိုင်းအပြီး ရထားလမ်းကို ဖြတ်သန်းမောင်းနှင်စဉ် တစ်ဖက်ရထားလမ်းမှ မောင်းနှင်လာသော ကုန်ရထားသည် ဘတ်စ်ကားမောင်းနှင်လာသူ၏ မျက်ကွယ်မြင်ကွင်း ဖြစ်နေသောကြောင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် ရထားနှင့်ဘတ်စ်ကား တိုက်မိမှုဖြစ်ပွားရာ နေရာအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwanက သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများကို အချင်းဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ သေဆုံးဒဏ်ရာရမှုများ ထပ်မံမဖြစ်ပွားစေရန်နှင့် အချင်းဖြစ်ပွားရာနေရာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများမဖြစ်စေရန် အမြန်ဆုံး ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.