Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၃၄၄ ဦး တွေ့ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းသွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွား ၊ သေဆုံးမှု အခြေအနေအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၃၄၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၇၀၇ ခုအား စစ်ဆေးခဲ့ပြီးနောက် လူနာသစ် ၁,၃၄၄ ဦး တွေ့ရှိခဲ့ကြောင်း Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ၊ ယနေ့ သေဆုံးသူ ၁၈ ဦးအနက် ရောဂါအခံရှိသူ ၁၂ ဦး ပါဝင်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထို့အတူ အောက်တိုဘာ၁၁ ရက် ည ၈ နာရီမှ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၅၁၈ ဦး ရှိကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြု လူနာများ နှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၀၇၂ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၈,၆၆၈ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ ၂၉,၃၁၄ ဦး တွေ့ရှိခဲ့ကာ ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး နှင့် သေဆုံးလူနာ ၆၆၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် အနည်းဆုံး မဖြစ်မနေ လုပ်ရမည့် အချက်တစ်ချက်မှာ နေအိမ်ပြင်ပသို့ ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) ကို မပျက်မကွက် စနစ်တကျ အမြဲတပ်ဆင်ပါဟု ပြောကြားထားသည်။ (Xinhua)