Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်ရှိ

၂၀၁၉-၂၀၂၀ #ဘဏ္ဍာနှစ် ပြည်ပ #ကုန်သွယ်မှု ကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်ရှိ #ဆင်ဟွာ

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်ထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီလံကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော် ရှိကြောင်း သိရသည်။
ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံကျော် ပါဝင်ပြီး နယ်စပ်ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ပါဝင်ကြောင်း သိရသည်။

“ကုန်သွယ်မှု ဆိုတာ ဘယ်လိုပဲ ဖြစ်ဖြစ် အင်မတန် အရေးကြီးပါတယ်။ အရေးကြီးတဲ့ အတွက် ကုန်သွယ်မှု ပမာဏက COVID-19 ကာလမှာ မူလလျာထားချက်ထက် မလျော့တဲ့အပြင်ကို ပိုလျှံတယ်ဆိုတာ ကောင်းပါတယ်။ ဒါက ကောင်းတဲ့ အလားအလာ တစ်ခုပေါ့။”ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ယခုနှစ် ပြည်ပ ကုန်သွယ်မှု ပမာဏသည် ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.