ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူကို ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျီနီဗာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)ကုလသမဂ္ဂဆိုင်ရာ အာဖရိကနိုင်ငံများအဖွဲ့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဇွန် ၁၇ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပ၍ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှတစ်ဆင့် ပေါ်လွင်လာသော လူမျိုးရေးခွဲခြားဆက်ဆံမှု နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုစသည့် ပြသာနာရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အထိုက်အလျောက် ထိခိုက်မှုများ ရှိခဲ့သဖြင့် တောင်သူလယ်သမားများ အတွက် COVID-19 အထူးချေးငွေ ထပ်ဆောင်းပံ့ပိုး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
တိုကျို ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တရားရေး ဝန်ကြီးဟောင်း Kawai Katsuyuki နှင့် ၎င်း၏ ဇနီးဖြစ်သူ ဥပဒေပြုအမတ် Anri Kawai တို့ နှစ်ဦးစလုံးကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အစိုးရရှေ့နေများက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ယနေ့ဇွန်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထူးသဖြင့် ဖွံ့ဖြိုးပြီးနှင့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းများအနေဖြင့်အာဖရိကအတွက် ကြွေးမြီများလျှော်ပေးခြင်းနှင့် ဆိုင်းငံ့ခြင်းများ၌ အင်တိုက်အားတိုက် ပိုမိုလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။