Connect with us

Politics, Law & Military

YBS ယာဉ်လိုင်းများရေရှည်ရပ်တည်နိုင်ရေး YRTA အနေဖြင့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန်ကြိုးပမ်းနေဟုဆို

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကူးစက်မှုမြင့်မားနေသောကြောင့် Stay at Home သတ်မှတ်ထားချိန်၊ လုပ်ငန်းအများစု သည် Work From Home ဆောင်ရွက်နေသည့်အတွက် YBS စီးနင်းသူများစွာကျဆင်းလျက်ရှိသောကြောင့် YBS ယာဉ်လိုင်းများရေရှည်ရပ်တည်နိုင်ရေးခက်ခဲလာကြောင်း၊ ထို့ကြောင့် YRTA အနေဖြင့် ကူညီမှုများဆောင်ရွက်ပေးနိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ုတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွက်းရေးမှူးဦးလှအောင်က ဆင်ဟွာသို့ အောက်တိုဘာ ၇ ရက်တွင်ပြောကြားသည်။

“YBS ယာဉ်တွေအတွက် CNG နှုန်းထားတစ်ခုသတ်မှတ်ပြီး လျှော့ချရောင်းပေးဖို့ အစိုးရကိုတင်ပြထားပါတယ်။ CNG နှုန်းထားလေး လျှော့ချပေးရင်တော့ ယာဉ်လိုင်းတွေ အနေနဲ့ နည်းနည်းအရှုံးကာမိနိုင်တယ်။ ကျွန်တော်တို့ YRTA အနေနဲ့ ယာဉ်လိုင်းတွေ အတွက် တတ်နိုင်တဲ့ဘက်က အကူအညီတွေပေးဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းကဆိုသည်။

YBS ယာဉ်လိုင်းများ၏ အအခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆက်လက်တင်ပြ သွားမည်ဖြစ်ပြီး YRTA သို့ ပေးသွင်းရမည့် YBS ယာဉ်များ ၏ စီမံခန့်ခွဲမှုရံပုံငွေ ကို ဧပြီလ မှ စက်တင်ဘာလကုန်အထိ ဆိုင်းငံ့ပေးထားကြောင်း သိရသည်။ ထို့ပြင် နှာခေါင်းစည်း၊ မျက်နှာကာ၊ ဟန်းဂျယ် စသည်တို့ကိုလည်း YBS ယာဉ်မောင်းများအား YRTA မှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

YBS ယာဉ်လိုင်းများအရှုံးပေါ်နေသော်လည်း ပြည်သူများ ၏ သွားလာရေးအတွက် ဆက်လက်ပြေးဆွဲပေးနေရကြောင်း အောက်တိုဘာ ၆ ရက်တွင် YBS မော်တော်ယာဉ်စီးရေ ၁,၁၀၇ စီး ပြေးဆွဲခဲ့ကြောင်း သိရသည်။ (Xinhua)