Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီနယ်မြေ ၊ တိုင်းဒေသကြီး ပြည်နယ်များတွင် ရက်သတ္တပတ်အတွင်း တရားမဝင်သစ် ၂၃၇ တန်ကျော် ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်ကားလမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအား တွေ့ရစဉ်( ဓာတ်ပုံ - Forest Department )

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

နေပြည်တော်ကောင်စီ နယ်မြေ ၊ တိုင်းဒေသကြီး ပြည်နယ် သစ်တောဦးစီးဌာနများမှ ရက်သတ္တပတ်အတွင်း တရားမဝင်သစ် ၂၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ အောက်တိုဘာ ၂ ရက်တွင် ရှမ်းပြည်နယ် (အရှေ့)ပိုင်း ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်ကားလမ်း၊ မိုင်းခွန်အုပ်စု၊ မိုင်းခွန်ဘိနယ်၊ ဂျိုးဖြူကျေးရွာအနီးမှ တရားမဝင် ထင်းရှူးခွဲသား ၃၉၆ ချောင်း (၂၀.၉၄၀၆) တန် ၊ (၁၀)ဘီးယာဉ်(၁)စီးအား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ကြောင်း သိရသည်။

ယင်းတရားမဝင်သစ် ၂၃၇ တန်ကျော်အား စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ရက်သတ္တပတ်အတွင်း ဖမ်းဆီးရမိမှုများ ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့မှုများတွင် တရားမဝင် ကျွန်း ၅၉ ဒသမ ၂၇၃၈ တန် ၊ သစ်မာ ၄၁.၈၂၃၀ တန်၊ အခြား ၁၃၆ ဒသမ ၃၆၆၂ တန် စုစုပေါင်း ၂၃၇ ဒသမ ၄၃၆၀ တန် နှင့်အတူ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၂၆)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)