ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၅,၃၂၅ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၏ အရှေ့ဘက် ရေမိုင် (၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသောအပူပိုင်းမုန်တိုင်းငယ်သည် ယနေ့ အောက်တိုဘာ ၇ ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ရောက်ရှိနိုင်ပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊ ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းအဖြစ်...
မွမ်ဘိုင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အလုပ်သမားအခက်အခဲနှင့် ရွှေ့ပြောင်းသွားလာခြင်း ပြဿနာရပ်များကြောင့် အစိုးရက ကပ်ရောဂါအတွင်း အသွားအလာကန့်သတ်မှု သတ်မှတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း စားသောက်ဆိုင် ၃၀ ရာခိုင်နှုန်းသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့မိပြီးနောက် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် စစ်ဦးစီးချုပ်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် သီးသန့် ခွဲခြားနေထိုင်ခြင်း(Q) ဝင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အောက်တိုဘာ ၈ ရက်မှစ၍ ကုန်သွယ်စီးပွားဆိုင်ရာ ဝင်ထွက်သွားလာမှုများကိုပြန်လည်ဆောင်ရွက်ရန် ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံအကြား သဘောတူညီထားကြောင်း ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ကအောက်တိုဘာ ၆ ရက်တွင် ကြေညာခဲ့သည်။