ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) တပ်မတော်(ရေ)သည် ဒေသတွင်း ပင်လယ်ပြင်ကိုစိုးမိုးနိုင်သော (Regional Blue Water Navy) အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း(၇၁)နှစ်ပြည့် တပ်မတော်(ရေ) နှစ်ပတ်လည်အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရှီချန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမှတ် ၃ တယ်လီကွန်းဆက်သွယ်မှု နည်းပညာ စမ်းသပ်ရေးဂြိုဟ်တု တစ်လုံးအား ဒီဇင်ဘာ ၂၅ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ၌ ဆူနာမီလှိုင်းဒဏ်ကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံး ပျက်စီးမှုများ အတွက် ဝမ်းနည်းကြောင်း အာရှ ဖွံ့ဖြိုးမှုဘဏ် (ADB) ဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ဒီဇင်ဘာ ၂၄ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Kalikot ခရိုင်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ အနည်းဆုံး ၈၇ လုံး ပျက်စီးခဲ့ပြီး လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉နှစ်တွင် တူရကီနိုင်ငံသို့ လာရောက်လည်ပတ်ရန် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က ဒီဇင်ဘာ ၂၄ရက်တွင်ကြေညာခဲ့သည်။