လော့အိန်ဂျလိစ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ ဒေသဆိုင်ရာ အာဏာပိုင်များက ည ၆ နာရီမှ စတင်ကာ ညမထွက်ရ အမိန့်သစ်ထုတ်ပြန်လိုက်စဉ်အတွင်းမှာပင် ရာပေါင်းများစွာသော ပြည်သူများသည် ဇွန် ၂ ရက်က လော့အိန်ဂျလိစ်မြို့အတွင်းရှိ နေရာများစွာ၌ စုရုံးရောက်ရှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ) တစ်ကမ္ဘာလုံး COVID-19 ကူးစက်ပျံ့ပွားမှုကို ရင်ဆိုင်တိုက်ခိုက်နေသည့် ယနေ့ အချိန်တွင် သမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှု၏ အရေးပါပုံနှင့် လူသားမျိုးနွယ်များအားလုံး ကျန်းမာရေး ကောင်းမွန်သည့် အသိုက်အဝန်းကို အတူတည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားထားပါသည်။ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံရှိပြည်သူများ၏ ကျန်းမာရေးနှင့်...