ကုလသမဂ္ဂ ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အောက်တိုဘာ ၅ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေး တတိယကော်မတီ အစည်းအဝေးတွင် အီးယူ ၊ ချက် နှင့် ကနေဒါ စသည့် နိုင်ငံများ ၏...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မိုးရာသီကာလအတွင်း ယာယီရပ်နားခဲ့သော လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က...
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါပြင်းထန်သူများကို ရန်ကုန်ပြည်သူဆေးရုံကြီးတွင် လက်ခံကုသပေးနိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိအရေးပေါ်ကုသရေးဌာနကို အထူးကြပ်မတ်ကုသဆောင် (ICU)အဖြစ် ပြင်ဆင်ဆောင်ရွက်နေကြောင်းကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ဆရီနာဂါ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံအား ပိုင်းခြားထားသည့် နှစ်နိုင်ငံနယ်စပ်မျဉ်း(LoC) တည်ရှိရာ ကက်ရှ်မီးယားဒေသတွင် နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်တပ်မှ အငယ်တန်းအရာရှိ(JCO) တစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။