Connect with us

Environment, Disasters & Accidents

ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများအား နိုဝင်ဘာ ၃၀ ရက်အထိ ရက်ထပ်တိုး၍ ယာယီရပ်ဆိုင်း

မြေစာပုံဟောင်းများ၌ ရေမဆေးကျောက်ရှာဖွေသူများအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မိုးရာသီကာလအတွင်း ယာယီရပ်နားခဲ့သော လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေအတွင်း ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံ၍ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့ အောက်တိုဘာ ၆ ရက်တွင်ပြောကြားသည်။

“မိုးတွင်းဖြစ်လို့ မူလက ကျွန်တော်တို့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၃၀ ရက်အထိ ယာယီရပ်နားခဲ့တယ်။ အခုက COVID-19 ကာလ ဖြစ်တဲ့အတွက် COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် နိုဝင်ဘာ ၃၀ ရက်အထိ ယာယီထပ်တိုးရပ်နားခြင်းဖြစ်ပါတယ်။ပုံမှန်က နှစ်တိုင်းမိုးတွင်းလောက်ပဲ ယာယီနားလေ့ရှိတယ်။ အခုကတော့ ဒီနှစ် မှ COVID ကြောင့် ရက်ထပ်တိုးရတာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မိုးရာသီကာလ တွင် ကျောက်စိမ်းရိုင်းများ တူးဖော်ထုတ်လုပ်ရန်အတွက် မြေစာပုံများစွန့်ပစ် စုပုံခြင်းကြောင့်မြေစာပုံများ ပြိုဆင်းလျှောကျနိုင်ခြင်း၊ မြေစာများချောင်းများအတွင်းသို့ စီးဝင်နိုင်ခြင်း၊စက်ယန္တရား နှင့် မြေသယ်ယာဉ်များထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း နှင့် အများပြည်သူအတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သောကြောင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ယာယီရပ်နားခဲ့ခြင်းဖြစ်ကြောင်း၊လက်ရှိတွင် COVID-19ရောဂါကာကွယ်တားဆီးရေး အတွက်ထပ်တိုး၍ ယာယီရပ်နားခြင်းဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117