မော်စကို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဘောလ်တစ်ပင်လယ်နှင့် ပင်လယ်နက်အပေါ်သို့ ပျံသန်းလားသည့် အမေရိကန် ကင်းထောက်လေယာဉ် သုံးစင်းနှင့် ဗြိတိန် ကင်းထောက်လေယာဉ် တစ်စင်းကို ဩဂုတ် ၁၇ ရက်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အနိုင်ရပြီး အုပ်ချုပ်ရေး တာဝန်ယူခွင့် ရရှိပါက နိုင်ငံ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နိုင်မည်ဟု ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း တို့ပူးပေါင်း၍ Bagan Hotel Strategy (ပုဂံဟိုတယ်မဟာဗျူဟာ) ကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာတွင် အပြီးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်...
ရှန်ဟိုင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကိုကာကိုလာအဖျော်ယမကာလုပ်ငန်းကြီး (Coca-Cola China) နှင့် ၎င်း၏ ပုလင်းသွတ်ခြင်း မိတ်ဖက်လုပ်ငန်းများသည် တရုတ် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ထိရောက်မှုတိုးတက်စေရန်၊ ထုတ်လုပ်မှုသေချာစေရန်နှင့် ပြည်တွင်းစားသုံးသူများ၏ တောင်းဆိုမှုကို ပြည့်မီစေရန် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
တာ့လျန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ လျောင်နင် ပြည်နယ် တာ့လျန် မြို့ သည် သြဂုတ် ၁၆ ရက်က ကန်းကျင်ကျစ် ဒေသ တာ့လျန်ဝမ်း လမ်းပိုင်း အား အန္တရာယ် နည်းပါးသည့် ဒေသ အဖြစ် ပြောင်းလဲ...