ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၏ ၁၀၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် နိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ရှိ သံတမန်ရပ်ကွက်တစ်ခုမှာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ အသေအပျောက်များရှိနိုင်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို တစ်ဆင့်ခံတင်ပို့သည့် Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုတော့ သည့်အတွက် သြဂုတ် ၁၅ ရက်နောက်ပိုင်းတွင် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့...
ဗီယင်နာ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဩဂုတ် ၁၇ ရက်က လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အသစ်တစ်ဖန် ကျင်းပခဲ့ရာ New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆန်တီယာဂို၊ သြဂုတ် ၁၈ (ဆင်ဟွာ) ချီလီနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း ၃၈၇,၅၀၂ ဦးရှိပြီး သေဆုံးသူ ၁၀,၅၁၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ကုန့်ဟဲ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) မြစ်ဝါမြစ်ကမ်းဘေးတွင် တည်ရှိသော ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် ဌာလားထန်း သည် မူလက ခြောက်သွေ့၍ လူသူကင်းဝေးသည့် လွင်တီးခေါင်ပြင် မြေနေရာ တစ်ခု ဖြစ်ခဲ့သည်။