Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၉၈  ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း  (၉,၁၁၂) ဦးရှိလာ 

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၉၈  ဦးထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း  (၉,၁၁၂) ဦးရှိပြီဖြစ်ကာ အသစ်ထပ်မံ သေဆုံးသူ ၂ ဦးရှိသဖြင့် စုစုပေါင်းသေဆုံးသူ ၁၇၄ ဦး ထိရှိလာ ကြောင်း စက်တင်ဘာ ၂၅ ရက် ည ၈ နာရီတွင်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သေဆုံးသူ ၂ ဦးအနက် COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ဆေးကုသမှုခံယူနေသူ အသက် ၈၆ နှစ်အရွယ်အမျိုးသား Case (3567) သည် စက်တင်ဘာ ၂၅ ရက် ညနေ ၃:၂၅နာရီတွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ အသက် (စိစစ်ဆဲ) အမျိုးသား (Case -7912) သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂:၃၀နာရီ တွင် လည်းကောင်း ကွယ်လွန်ခဲ့ကြကြောင်း သိရသည်။ 

လက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း(၂,၅၁၇) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။   (Xinhua)