Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၇ ဦးထပ်မံသေဆုံး၊ စုစုပေါင်းသေဆုံးသူ ၁၇၂ ဦးရှိလာ

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားစောင့်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ယနေ့ (စက်တင်ဘာ ၂၅ ရက်) ညနေပိုင်းအထိ အတည်ပြုလူနာ ၁၇ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၇၂ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါသေဆုံးသူများထဲမှ ၁၁ ဦးမှာ ၎င်းတို့ သေဆုံးချိန် တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးထားဆဲဖြစ်ပြီး ဓာတ်ခွဲအဖြေများရရှိပြီးနောက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။  

စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သော စက်တင်ဘာ ၂၄ ရက်တွင်တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၈၈ ဦး ၏ ဓာတ်ခွဲနမူနာများအနက် တစ်ခုသည် ဒုတိယအကြိမ်ထပ်မံစစ်ဆေးသည့် ဓာတ်ခွဲနမူနာဖြစ်သဖြင့် စက်တင်ဘာ ၂၄ ရက်နေ့၏ ဓာတ်ခွဲအတည်ပြုလူနာသစ်မှာ ၆၈၇ ဦးသာဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၈၅၁၄ ဦးရှိကြောင်း သိရသည်။  (Xinhua)