ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဇူလိုင် ၄ ရက် ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၆၂ ဦး ရှိပြီး ရုရှားနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ခတ္တန္ဒူ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်က အိန္ဒိယနိုင်ငံဘက်မှ ဝင်ရောက်လာသော ကျိုင်းကောင်များ၏ ဖျက်ဆီးမှုကြောင့် နီပေါနိုင်ငံတွင် သီးနှံစိုက်ခင်း ဟက်တာ ၁,၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နွေရာသီလများအတွင်းသင်၏အစာစားချင်စိတ်ပျောက်ဆုံးတာကို သင်ခံစားဖူးပါသလား? ပန်ဒါကြီးမျိုးများတွင်တော့ အဲ့လိုဖြစ်ရပ်မျိုးကို ခံစားရခြင်းမရှိပါဘူး။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိချင်းလျန်ပန်ဒါကြီးမျိုးမွေးမြူရေးသုတေသနစင်တာရှိ ပန်ဒါကြီးများ အစားအစာများကို မြိန်ရေ၊ ရှက်ရေစားသုံးနေပုံများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ အဆိုပါပန်ဒါထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် ပန်ဒါကြီးမျိုးအကောင် ၂၀ နေထိုင်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် တစ်ကောင်တည်းရှိသော အညိုရောင်ပန်ဒါ ရှီးကျိုက်လည်း...
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပြည်ပက ပြန်လာသူ ၇ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိပြီး ရောဂါ အတည်ပြုလူနာ (၃၁၃) ဦးထိရှိလာကြောင်း ယနေ့ ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။