Connect with us

North America

အမေရိကန်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၅.၄ သန်း နှင့် သေဆုံးသူ ၁၇၀,၀၀၀ ထိ အမြင့်ဆုံးရောက်ရှိ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းတပ်၍ သွားလာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ဩဂုတ် ၁၆ ရက်ထိ COVID-19 အတည်ပြုလူနာပေါင်း ၅.၄ သန်း နှင့် သေဆုံးသူပေါင်း ၁၇၀, ၀၀၀ ဖြင့် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဩဂုတ် ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၇ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၂၂၇ နာရီ) ထိ အမေရိကန်နိုင်ငံတွင် စုစုပေါင်း အတည်းပြုလူနာ ၅,၄၀၀,၁၈၀ ဦး နှင့် သေဆုံးသူ ၁၆၉,၉၅၅ ဦး အသီးသီး ရှိခဲ့ကြောင်း CSSE က ဆိုသည်။

အမေရိကန်နိုင်ငံ၌ ကယ်လီဖိုးနီးယားပြည်နယ်သည် ရောဂါကူးစက်မှု အဆိုးရွားဆုံးခံစားနေရပြီး စုစုပေါင်းအတည်ပြုလူနာ ၆၂၂,၄၂၇ ဦး ရှိကြောင်း ၊ ယင်းနောက်တွင် ဖလော်ရီဒါပြည်နယ်က ၅၇၃,၄၁၆ ဦး ၊ တက္ကဆက်ပြည်နယ်က ၅၅၄,၈၂၆ ဦး နှင့် နယူးယောက်ပြည်နယ်က ၄၂၅,၅၀၈ ဦးဖြင့် အစဉ်လိုက် အသီးသီး ရပ်တည်နေကြောင်း သိရသည်။ 

ထို့ပြင် အတည်ပြုလူနာ ၁၈၀,၀၀၀ အထက် ရှိသော ပြည်နယ်များမှာ ဂျော်ဂျီယာ ၊ အီလီနွိုက် ၊ အရီဇိုးနား နှင့် နယူးဂျာစီ ပြည်နယ်တို့ ဖြစ်ကြကြောင်း CSSE ၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး ကူးစက်မှု နှင့် သေဆုံးမှု ပမာဏလည်း နေ့စဉ် ဆက်လက်မြင့်ဆက်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)