ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂,၅၉၈,၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျိုဟန်နက်စဘာ့တ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသားများအား ကုန်တင်ကားမောင်းသူများအဖြစ် အလုပ်ခန့်မှုကို ကန့်ကွက်သောအားဖြင့် လမ်းများကို ပိတ်၍ ဆန္ဒပြသူ ၆၂ဦးကို ဇွန် ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်းသည် မောင်းနှင်စဉ် လေဖိအားကြောင့် လေယာဉ်၏ ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာချက် အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ဆိုးလ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ သည် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ခွဲခြားထားခံရသည့် ကိုရီးယားမိသားစုဝင်များ ပြန်လည်တွေ့ဆုံခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များအား ဆွေးနွေးရန် ဇွန် ၂၂ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းအား စတင်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။