Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထား သွားလာမှု ကပ်ရောဂါအကျပ်အတည်းကာလတွင် မြင့်တက်လာ

ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့သို့ မောင်းနှင်သွားမည့် တရုတ်-ဥရောပ ကုန်ရထားကြီး X8015 တရုတ်နိုင်ငံ ဝူဟန့်မြို့မှ စတင်ထွက်ခွာသွားလာသည်ကို မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ယခုနှစ် အစောပိုင်းကာလမှစ၍ ဒေသအများစုတွင် ကပ်ရောဂါဘေးကြောင့် လေကြောင်းရေကြောင်းသွားလာမှုများ ပြတ်တောက်ချိန်တွင် တရုတ်-ဥရောပ ရထားသွားလာမှုသည် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သည်။ 

တရုတ်နိုင်ငံ ဝူဟန့်မြို့မှ ထွက်ခွာသွားသည့် တရုတ်-ဥရောပ ကုန်ရထားကြီး X8015  ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့ သို့ ဧပြီ ၁၄ ရက်တွင် ရောက်ရှိစဉ်(ဆင်ဟွာ)

ရောဂါကာကွယ်ရေးအထောက်အပံ့များတင်ဆောင်လာသည့် တရုတ်-ဥရောပ ကုန်ရထားကြီး ပြင်သစ်နိုင်ငံ ပါရီမြို့ Valentonသို့ ဇွန် ၂၃ ရက်က ရောက်ရှိစဉ်(ဆင်ဟွာ)

လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗွီနီးယက်စ်သို့ ရောက်ရှိလာသော တရုတ်-ဥရောပ ကုန်ရထားကြီးမှ ကုန်ပစ္စည်းများချနေသည်ကို ဧပြီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ် သို့ မောင်းနှင်မည့် တရုတ်-ဥရောပ ကုန်ရထားကြီးအား ဧပြီ ၂၆ ရက်က တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျိနန်မြို့တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှ တရုတ်နိုင်ငံ ရှီးအန်းမြို့သို့ ပို့ဆောင်မည့် ဩစတြီးယား ဓာတုဖိုင်ဘာထုတ်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကွန်တိန်နာ ၄၁ လုံးပါ တရုတ်-ဥရောပ ကုန်ရထားကြီးသည် ဩဂုတ် ၂၀ ရက်က ဗီယင်နာမြို့မှ စတင်ထွက်ခွာစဉ်(ဆင်ဟွာ)

ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်ထားသော တရုတ်-ဥရောပ ကုန်ရထားကြီးသည် ဩဂုတ် ၅ရက်က  တရုတ်နိုင်ငံ ချိန်တူးမြို့မှ ဂျာမနီနိုင်ငံ ဂျူးရစ်ဘာ့ဂ်မြို့သို့ ထွက်ခွာသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ )

တရုတ်-ဥရောပ ကုန်ရထားကြီး X8098သည် ဧပြီ ၂၅ ရက်က တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ မှ ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့သို့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ဩဂုတ်လတွင် တရုတ်-ဥရောပ ရထားသွားလာမှု အစီးပေါင်း ၁,၂၄၇ စီးရှိခဲ့ပြီး ကုန်ပစ္စည်းပို့ဆောင်မှု သည် TEU ကွန်တိန်နာ အလုံးပေါင်း ၁ သိန်း ၁ သောင်း ရှိခဲ့ရာ ပြီးခဲ့သည့် နှစ် ကာလတူထက် ၆၂ ရာခိုင်နှုန်းနှင့် ၆၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။၎င်းမှာ ကပ်ရောဂါ ထိန်းချုပ်ရေး၊ လုပ်ငန်းများ ပြန်လည် လည်ပတ်ရေးနှင့် ကမ္ဘာ့ ကုန်ပစ္စည်းထောက်ပံ့မှုကွင်းဆက် တည်ငြိမ်ရေးအတွက် ဆက်တိုက် အကျိုးဆောင်နိုင်ခဲ့ရာ တရုတ်-ဥရောပ ရထားသည် ကပ်ရောဂါအလွန်ကာလ တရုတ်-ဥရောပ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကဏ္ဍတစ်နေ့တစ်ခြား ပို၍နီးကပ်လာမည့် ပုံရိပ်တစ်ခုဖြစ်လာကြောင်း သိရသည်။(Xinhua)