ဝဲလ်လင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ Pigeon Valley အနီးတွင် ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီဝန်းကျင်က တောမီးငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း နယ်လ်ဆင်တက်စ်မန်း (Nelson Tasman) ပြည်သူ့ကာကွယ်ရေးလုပ်ငန်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နီပေါအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ယနေ့...
မြူးနစ်၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ၂၁ ရာစုတွင် အကျပ်အတည်းများကို နိုင်ငံအသီးသီးက လက်တွဲဖြေရှင်းသင့်ကြောင်း၊ ကိုလိုနီခေတ်၊စစ်အေးခေတ်အတွေးအခေါ်များ လက်ကိုင်မထားရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဖေဖော်ဝါရီ ၁၆ ရက် မြူးနစ်လုံခြုံရေးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။
မက္ကဆီကိုစီးတီး ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း Quintana Rooပြည်နယ် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးပြီး လူ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၂,၅၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။