Connect with us

WORLD

အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦး COVID-19 လူနာနှင့်ထိတွေ့မိ၍ တစ်ဦးတည်းသီးခြား(Q)နေထိုင်

အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီ အောက်လွှတ်တော်အမတ် Shelley Moore Capito(ဝဲ) နှင့် ၎င်း၏ အမျိုးသားကို အတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

 

ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီ (ဆီးနိုတ်) အောက်လွှတ်တော်အမတ် Shelley Moore Capito က ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးနှင့် ထိတွေ့မိသောကြောင့် တစ်ဦးတည်းသီးခြား(Quarantine) နေထိုင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျွန်မဟာ ကိုရိုနာဗိုင်းရပ်စ် (positive) လူနာတစ်ဦးနဲ့ မကြာသေးခင်က ထိတွေ့မိခဲ့ပါတယ်” ဟု အနောက်ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Capito က ကြေညာချက်တစ်စောင်ထုတ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။“ ဆေးစစ်ထားတဲ့ အဖြေမရခင်အချိန်ထိတော့ ကျွန်မအနေနဲ့ အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာရဲ့ လမ်းညွှန်ချက် နဲ့ လွှတ်တော်ဆိုင်ရာ ဆေးပညာ သမားတော်ကြီးရဲ့ အကြံပြုချက်အတိုင်း  ၁၄ ရက်ကြာ quarantine သီးခြား နေထိုင်မှုကို လိုက်နာဆောင်ရွက်သွားမှာပါ  ” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ၎င်းအနေဖြင့် ရောဂါရှိမရှိ စမ်းသပ်ခွင့်ရချိန်တွင် စစ်ဆေးမှုခံယူသွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်သည် အထက်လွှတ်ကဲ့သို့ ကပ်ရောဂါစတင်ပြန့်နှံ့ချိန်ကတည်းက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် အမိန့်ထုတ်ပြန်ထားခြင်းမရှိပေ။ Capito သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့်ထိတွေ့မိပြီးနောက် မိမိကိုယ်ကို-သီးခြားနေထိုင်ခြင်း(self-quarantine) ပြုလုပ်သော အောက်လွှတ်တော်အမတ်များစွာအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ်ကိုယ်စားပြု ရီပတ်ဘလီကန်ပါတီမှ လွှတ်တော်အမတ် Rand Paul သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော တစ်ဦးတည်းသော လွှတ်တော်အမတ်ဖြစ်ကြောင်း သိရသည်။(Xinhua)