Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၅၀၀ ကျော် နှင့် သေဆုံးသူ ၃၅ ဦးထိရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်းနှင့် မျက်နှာအကာအကွယ်များ တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မြန်မ

ာနိုင်ငံ၌ COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ လူနာသစ် ၂၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃,၅၀၂ ဦး ရှိလာပြီး သေဆုံးသူ ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၂၀၃ ဦးအား စက်တင်ဘာ ၁၅ ရက်နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ COVID-19 ဓာတ်ခွဲနမူနာ ၂,၁၇၃ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ယင်းအတည်ပြုလူနာသစ်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

သေဆုံးခဲ့သူများမှာ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၁) နှစ်အရွယ် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-2354) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၅၉) နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ အခံရှိသူ အမျိုးသား (Case-2876) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 


သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၄) နှစ် အရွယ် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3186) သည် ပြင်းထန်အဆုတ် ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးဆိပ်တက်ခြင်းတို့ဖြင့် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၈၃၂) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)