နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် အပြန်အလှန် နားလည်မှု များနှင့် အားလုံး လက်ခံနိုင်သည့် အခင်းအကျင်းမျိုး ပေါ်ထွက်လာရန် ဦးတည် ဆွေးနွေးပေးကြရန် ပန်ကြားပါကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး...
ဂျေရုစလမ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် နောက်ထပ် သေဆုံးသူသစ် ခုနှစ်ဦး နှင့်အတူ လက်ရှိအချိန်ထိ COVID-19 ရောဂါဖြင့် စုစုပေါင်းသေဆုံးသူ ၆၀၀ ဦးထိ ရှိလာခဲ့ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ ဘေရွတ် ဆိပ်ကမ်းတွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်မှာ နည်းပါးသွားပြီဖြစ်ကြောင်း လက်ဘနွန် စစ်တပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဖြစ်ပွားလျက်ရှိသော ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုများသည် ဩဂုတ် ၉ ရက်အထိ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ တရုတ်ပြည်သူ့ဗဟိုအစိုးရ ဆက်ဆံရေးရုံးက တရုတ်နိုင်ငံ အစိုးရအရာရှိအချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟူ၍ အမည့်တပ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာပေါ်တွင် အမှန်တကယ် ရယ်စရာအကောင်းဆုံး ဟာသ ပျက်လုံးဖြစ်လာကြောင်း ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။