Connect with us

Local

တစ်ရက်အတွင်း ကန်ဒေါ်လာ လဲလှယ်နှုန်း ၁၁ ကျပ်ပြုတ်ကျ၊ ဗဟိုဘဏ်က ဒေါ်လာ ၃ ဒသမ ၈ သန်းဝယ်ယူ

မြန်မာကျပ်ငွေ နှင့် အမေရိကန်ဒေါ်လာအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် ဒေါ်လာသည်  ၁၃၄၁ ကျပ်မှ ကျပ် ၁၃၃၀ အထိ တစ်ရက်အတွင်း ၁၁ ကျပ်ပြုတ်ကျခဲ့သည့် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို စက်တင်ဘာ ၁၅ ရက် တွင် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့သည်။

ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေးဦးသန်းလွင်က “အမေရိကန်ဒေါ်လာဈေးက ဒီနေ့ အကျကြမ်းတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်ဗဟိုဘဏ်က ဝယ်ယူတာဖြစ်တယ်။ ဗဟိုဘဏ်ဝယ်ယူပြီးတော့မှ နှစ်ကျပ် လောက်ပြန်တက်လာတာ။’’ ဟု ဆင်ဟွာသို့ ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာ ၃ဒသမ၈သန်းအား နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့်ဝယ်ယူခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ လျှင် ၁၃၂၂ ကျပ် ဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၁၅ ရက်၊ ညနေ ၄နာရီ ထိ ဝါးခယ်မ ငွေလဲစင်တာ၌  အမေရိကန်ဒေါ်လာ အားဝယ်ဈေး တစ်ဒေါ်လာ ၁၃၂၀ကျပ်၊ ရောင်းဈေး ၁၃၃၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117