Connect with us

Politics, Law & Military

COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဆက်ဆံရေး တိုးတက်မှုအတွက် တရုတ်-ဂျာမနီ-အီးယူ ခေါင်းဆောင်များ  အစည်းအဝေးတွင် အစီအစဉ်ရေးဆွဲ   

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သော တရုတ်-ဂျာမနီ-အီးယူ ခေါင်းဆောင်များ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ပေကျင်းမြို့မှတက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လက်ရှိတွင် ဥရောပသမဂ္ဂ (EU) အလှှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ဆက်ဆံရေး အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံစုံပါဝင်ရေးဝါဒ ထိန်းသိမ်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ပူးတွဲရင်ဆိုင်ခြင်းဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။ 

ခိုင်မာ၍ တည်ငြိမ်သော တရုတ်-အီးယူ ဆက်ဆံရေး

“COVID-19” ကပ်ရောဂါသည် ကမ္ဘာကြီးတွင် ရာစုနှစ်တစ်စုလျှင်တစ်ကြိမ် ဖြစ်ပေါ်နေသော အသွင်ပြောင်းလဲခြင်းများ အရှိန်မြှင့်တင်ခြင်းဖြစ်သလို လူသားမျိုးနွယ်အနေနဲ့ လမ်းဆုံလမ်းခွပေါ်မှာ ရောက်ရှိနေခြင်းဖြစ်တယ်” ဟု ရှီက ပြောကြားခဲ့သည်။ 

ယင်းအချက်သည် အရေးကြီးပြီး တရုတ်နှင့် အီးယူတို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ခိုင်မာ၍ တည်ငြိမ်သော တိုးတက်မှုကို လျှောက်လှမ်းရာတွင် စွဲစွဲမြဲမြဲ ကျန်ရှိနေပြီး မူကြီးလေးရပ်ကို စောင့်ထိန်းလိုက်နာလျက်ရှိကြောင်း၊ အဆိုပါ မူကြီးလေးရပ်မှာ ငြိမ်ချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး၊ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံပါဝင်ရေးဝါဒနှင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းမှု တို့ဖြစ်ကြောင်း ရှီက ဆိုသည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သော တရုတ်-ဂျာမနီ-အီးယူ ခေါင်းဆောင်များ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ပေကျင်းမြို့မှတက်ရောက်နေစဉ် (ဆင်ဟွာ)

ယခုနှစ်သည် တရုတ်-အီးယူဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့်မြောက်သည့် အခါသမယလည်း ဖြစ်သည်။ COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေဆဲဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် အီးယူကြား ဆက်ဆံရေးမှာ ပြတ်တောက်မသွားခဲ့ပေ။ လေးလေးနက်နက် ရှိခဲ့သော နှစ်နိုင်ငံ အဆင့်မြင့်ဖလှယ်မှုများကလည်း မကြာခဏဆိုသလို မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန် တရုတ်နိုင်ငံနှင့် အီးယူကြား ခိုင်မာသော သန္နိဌာန်ကို ဖော်ပြလျက်ရှိသည်။ 

“လက်ရှိ အခြေအနေအောက်တွင် နှစ်ဘက် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးစီးပွားရေးရာများအကြား အဆင့်မြင့် နီးကပ်သော ဆက်သွယ်ရေးက နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ခိုင်မာရေးကို ကူညီနိုင်သလို လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ်-အီးယူဆက်ဆံရေး အဆင့်မြှင့်တင်ပေးနိုင်တယ်” ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက စက်တင်ဘာ ၁၀ ရက်၌ ပြောခဲ့သည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သော တရုတ်-ဂျာမနီ-အီးယူ ခေါင်းဆောင်များ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ပေကျင်းမြို့မှတက်ရောက်နေစဉ် (ဆင်ဟွာ)

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် 

အစည်းအဝေးအတွင်း တရုတ်နိုင်ငံနှင့် အီးယူ ခေါင်းဆောင်များသည် တရုတ်-အီးယူ နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ်အတွင်း အပြီးသတ်ဆွေးနွေးမှုရရှိရန် အရှိန်မြှင့်ဆောင်ရွက်သွားရေးကတိကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံနှင့် အီးယူ ခေါင်းဆောင်များသည် ပထဝီဝင်ဆိုင်ရာ အရိပ်လက္ခဏာများဆိုင်ရာ တရုတ်-အီးယူ သဘောတူညီချက် တရားဝင်လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။ ခေါင်းဆောင်များသည် တရုတ်-အီးယူ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးခြင်းနှင့် တရုတ်-အီးယူ ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့် ဆွေးနွေးခြင်း ဆောင်ရွက်ရန်နှင့် တရုတ်-အီးယူ အစိမ်းရောင်နှင့် ဒီဂျစ်တယ် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုရှိစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

“အကယ်၍ တရုတ်နိုင်ငံနဲ့ အီးယူတို့က ဒီနှစ် နှစ်ကုန်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ အဆုံးသတ်နိုင်မယ်ဆိုရင် ဒါဟာ အထူးအရေးပါမှု ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ကြိုးစားနေဆဲ အချိန်ကာလအတွင်း တရုတ်နဲ့ အီးယူတို့ အတူတကွလုပ်ဆောင်နေခြင်းရဲ့ အပြုသဘောဆောင်တဲ့ သတင်းပေးပို့ခြင်းလည်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် စီးပွားရေးယုံကြည်မှုကို အခိုင်အမာမြှင့်တင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 အလွန် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူဖို့ ကူညီပေးမှာဖြစ်ပြီး ပွင့်လင်းတဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ပတ်ဝန်းကျင်တစ်ခုကို ကာကွယ်ဖို့ စုပေါင်း အားထုတ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်” ဟု အီးယူဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့ ခေါင်းဆောင် သံအမတ်ကြီး ကျန်းမင်က စက်တင်ဘာ ၁၁ ရက် အစည်းအဝေး၌ အကျဉ်းရုံးပြောခဲ့သည်။ 

ယခုနှစ် ဩဂုတ်လတွင် တရုတ်-အီးယူ ကုန်တင်ရထားများသည်လည်း ခိုင်မာသော တိုးတက်မှုကို ထိန်းထားလျက်ရှိသည်။ ရထားခရီးစဉ်များအနေဖြင့် ၁,၂၄၇ ကြောင်းရှိခဲ့ပြီး ယမန်နှစ်ကထက် ၆၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ကုန်စည်တင်ပို့မှုများအနေဖြင့်မူ ၁၁၀,၀၀၀ TEU ရှိခဲ့ပြီး မနှစ်ကထက် ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

နိုင်ငံစုံပါဝင်ရေးဝါဒကို ပူးတွဲထိန်းသိမ်းရေး 

အစည်းအဝေးအတွင်း ရှီက လက်ရှိအခြေအနေများအရ အဓိကအင်အားကြီးနှစ်ဘက်ဖြစ်သော တရုတ်နိုင်ငံနှင့် အီးယူတို့အတွက် COVID-19 တုံ့ပြန်ရေးအားထုတ်ကြိုးပမ်းမှုများ၊ စီးပွားရေးနာလန်ထူရေးနှင့် ကမ္ဘာကြီးတွင် တရားမျှတမှု ရပ်တည်ကာကွယ်ရေးများ၌ အပြုသဘောဆောင်သော စွမ်းအင်များ ပိုမိုထည့်သွင်းရန် အလွန်အရေးကြီးကြောင်း ပြောခဲ့သည်။ 

ထို့ပြင် မာကဲ၊ မိုက်ကယ်နှင့် von der Leyen တို့ကလည်း ဥရောပနှင့် တရုတ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ နိုင်ငံစုံပါဝင်ရေးဝါဒ ပူးတွဲကာကွယ်ရေး၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဆန့်ကျင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများစွာကို ထိထိရောက်ရောက် တုံ့ပြန်ရေး စသည်တို့အတွက် အရေးကြီးကြောင်း ပြောကြားခဲ့ကြသည်။ 

ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန်၊ ကပ်ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ လွတ်လပ်သော ကုန်သွယ်ရေး ထိန်းသိမ်းရန်နှင့် ဥရောပ၊ တရုတ်နှင့် ကမ္ဘာကြီးတွင် ဆောလျင်စွာ စီးပွားရေးနာလန်ထူမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဥရောပခေါင်းဆောင်များက ပြောခဲ့သည်။  (Xinhua)