ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၃.၅၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၈)ဒီဂရီ၊ ဗဟိုချက် အနက် (၂၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၃.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု...
မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် အိန္ဒိယရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘော ၄ စင်းတည်ဆောက်ပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားနိုင်ငံ စစ်တပ် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ ရုရှားမီဒီယာက နိုဝင်ဘာ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကဘူးလ်၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်မြို့တော်ကဘူးလ် နိုဝင်ဘာ ၂၀ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူ ၈၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် မီဒီယာများ၏ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်း များအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားပတ်ဝန်းကျင်ဒေသများနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့ စသည့် မြို့နယ်သုံးခုမှ စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ပစ္စည်းများနှင့်...