Connect with us

CHINA

ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဆီသို့ မှန်ကန်သော လမ်းကြောင်းမှာ လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခုဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်ပြော

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ပြည်သူ့ခန်းမကြီးတွင် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကျယ်ကျယ်ပြန့်ပြန့် လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံမှုသည် လူသားများမျိုးနွယ်အတွက် ဘုံစိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ပိုမိုကြွယ်ဝ၍ ကောင်းမွန်သောကမ္ဘာကြီးတစ်ခု တည်ဆောက်ရန်အတွက် မှန်ကန်သောလမ်းကြောင်း ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။ 

သမ္မတ ရှီသည် တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေး၌  မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်ပိုင်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပလျက်ရှိသည်။  (Xinhua)