ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၉)ခုမှ ကျေးရွာပေါင်း(၈၁)ရွာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ရေရရှိရေး နည်းလမ်း (၆)မျိုးဖြင့် လုပ်ဆောင်ပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးကို ယခုနှစ် မေလ ၁၄ရက်နေ့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်အရ သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ယခုလက်ရှိ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ လျော့ကျသွားစေရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားကြရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Roberto Azevedo က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တိုက်တွန်းထားကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ကမ်းရိုးတန် ဆန်ဖရန်စစ္စကိုမြို့တွင် ဧပြီ ၂၀ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၅ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း၂၀၁၈ – ၂၀၂၂ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။