Connect with us

Politics, Law & Military

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာတွင် ရက်သတ္တပတ်အတွင်း တရားမဝင်သစ် ၄၉ တန်ကျော် ဖမ်းဆီးရမိ

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ - Forest Department)

 

ရန်ကုန် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာတွင် ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊ အခြားသစ် မျိုး အပါအဝင် စုစုပေါင်း ၄၉ ဒသမ ၇၅၂၀ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မြန်မာ့ကျွန်းသစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား ၁၀ နှစ်ရပ်နားထားပြီး သစ်တေပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယခု ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇန်နဝါရီလအထိ လေးလတာအတွင်း နိုင်ငံတစ်ဝှမ်း ကျွန်းသစ် ၃,၀၉၈ ဒသမ ၂ တန်ကျော် ၊ သစ်မာ ၂,၆၀၂ ဒသမ ၇ တန် နှင့် အခြားသစ်အမျိုးအစား ၆,၆၆၉ တန်ကျော် အပါအဝင် စုစုပေါင်း တရားမဝင်သစ် ၁၂,၃၇၀ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ်  ဖမ်းဆီးရမိမှုတွင် ၁၂၃၇၀ တန်ကျော်နှင့်အတူ ပြစ်မှု ကျူးလွန်သူ ၁,၃၃၂ ဦး ၊ ယာဉ်/ယန္တရား ၈၂၉ စီး နှင့် ချိန်းဆော ၂၂၀ တို့အားလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)