Connect with us

North America

ဒေါ်နယ်ထရမ့် က ကိုယ်စားလှယ်လောင်း အစည်းအဝေးကို အိမ်ဖြူတော် မှတစ်ဆင့် ပါဝင်ဆွေးနွေးပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟုဆို

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား အိမ်ဖြူတော် ၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည်  ဩဂုတ် ၁၇ ရက်က အမေရိကန် အနောက်အလယ်ပိုင်း Wisconsin ပြည်နယ် ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် ၎င်းသည် ရီပတ်ဘလီကန် ပါတီ သမ္မတ လောင်းတစ်ဦးအနေဖြင့် ကိုယ်စားလှယ်လောင်းအစည်းအဝေးကို အိမ်ဖြူတော်မှတစ်ဆင့် ပါဝင်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှင့် ယင်းအစည်းအဝေးကို တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီပတ်ဘလီကန် ပါတီ ၏ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေး ကို သြဂုတ် ၂၄ ရက် မှ ၂၇ ရက် အထိ Charlotte မြို့ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် အဓိက အခမ်းအနား များကို အွန်လိုင်း မှ တစ်ဆင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ဒေါ်နယ်ထရမ့် သည် သြဂုတ် ၂၇ ရက် အစည်းအဝေး ပိတ်ပွဲ အခမ်းအနား တွင် မိန့်ခွန်းပြောကြားရန် စီစဉ် ထားပြီး သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းအဖြစ် လက်ခံသွားမည် ဖြစ်ကြောင်း ၊ ရစ်ပတ်ဘလီကန် အမျိုးသား ကော်မတီ က သြဂုတ် ၂၇ ရက် တွင် ဝါရှင်တန် မြို့လယ် ၌ မီးရှူးမီးပန်း များ ပစ်လွှတ်ရန် ခွင့်ပြုမိန့်ကို ဩဂုတ် ၁၇ ရက်တွင် တင်ပြထောင်းခံထားကြောင်း သိရသည်။ 

ဒေါ်နယ်ထရမ့် သည် ယခုလဆန်းပိုင်း က အိမ်ဖြူတော် တွင် သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိန့်ခွန်းကို အိမ်ဖြူတော်၌ ပြောကြားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် ဒီမိုကရက်တစ်ပါတီဝင် များ ၏ ပြင်းထန်စွာ ဝေဖန်မှု ကို ခံခဲ့ရသလို  ရီပတ်ဘလီကန် ပါတီဝင် အချို့ ၏ သံသယ ဖြစ်မှု ကိုလည်း ခံခဲ့ရသည်။ ၎င်းတို့က အိမ်ဖြူတော်ကို ပါတီအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး လုပ်ငန်း များအတွက် အသုံးမပြုသင့်ကြောင်း အပြင်းအထန် ဆိုနေကြသည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရှိသည့် နှစ်တိုင်းတွင် အမေရိကန် အဓိက ပါတီ နှစ်ခု က ရွေးကောက်ပွဲ အတွက် အရေးပါသည့် ပါတီ အစည်းအဝေး ကျင်းပလေ့ရှိပြီး ပြီးခဲ့သော သြဂုတ် ၁၇ ရက် က ဒီမိုကရက်တစ် ပါတီ ၏ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ် အစည်းအဝေး စတင်ကျင်းပခဲ့သည်။ ယင်းနေ့တွင် ရီပတ်ဘလီကန် ပါတီဝင် ဖြစ်သည့် ဒေါ်နယ်ထရမ့် သည် Minnesota နှင့် Wisconsin ပြည်နယ် များတွင် စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။  (Xinhua)