ABOARD LIAONING AIRCRAFT CARRIER ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော လျောင်းနင် (Liaoning) ပါဝင်သည့် ရေတပ်သင်္ဘောအုပ်စုတစ်ခုသည် အနောက်ပစိဖိတ်ဒေသ၌ ဧပြီ ၂ဝရက်တွင် ရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တူးနစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ တွင် ဧပြီ ၂၁ရက် နံနက်အစောပိုင်းက မြူနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် ကား ၂၅စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဧပြီ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
လန်ဒန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် ဧပြီ ၂ဝ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန် FA ဖလားအကြိုဗိုလ်လုပွဲစဉ်တစ်ခုဖြစ်သော မန်ချက်စတာယူနိုက်တက်အသင်း နှင့် တော့တင်ဟမ်ဟော့စပါးအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက်...
ဟိုင်နန်၊ ဧပြီ ၂၁ (ဆင်ဟွာ) ဟိုင်နန်ကလေးဆေးရုံတွင် ရှားပါး ဦးခေါင်းခွံမူမမှန်သည့်ဝေဒနာကိုခံစားရသည့် အသက် ၁ နှစ်အရွယ်ကလေးငယ်လေးတစ်ဦးကို ဆရာဝန်များက 3D နည်းပညာသုံးပြီး ဦးခေါင်းခွံပုံဖော်ကာ ကုသပေးခဲ့ကြောင်းသိရသည်။ ဆရာဝန်များကဖြစ်နိုင်ခြေရှိသည့်အကျိုးအပြစ်များကိုဘက်ပေါင်းစုံမှ လေ့လာစမ်းသပ်ခဲ့ပြီး ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်းသိရသည်။ ကုသမှုတွင်ပါဝင်သည့်ဆရာဝန်တစ်ဦးဖြစ်သူWu Shuihua က “3D နည်းပညာသုံးဦးခေါင်းခွံက CT scan...