Connect with us

Social, Education & Health

ခြောက်သွေ့သည့် ဟင်းလင်းပြင် မှ နေရောင်ခြည်စွမ်းအင်ထုတ် ငွေသောင်ပြင် အဖြစ်သို့ ပြောင်းလဲခဲ့သည့်တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ကုန့်ဟဲခရိုင်

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

ကုန့်ဟဲ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြစ်ဝါမြစ်ကမ်းဘေးတွင် တည်ရှိသော ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် ဌာလားထန်း သည် မူလက ခြောက်သွေ့၍ လူသူကင်းဝေးသည့် လွင်တီးခေါင်ပြင် မြေနေရာ တစ်ခု ဖြစ်ခဲ့သည်။

ယခုနှစ်ပိုင်းများတွင် ဒေသခံအစိုးက ဌာလားထန်း၏ နေရောင်ခြည် ပြင်းထန်ခြင်း၊ နေ့နေပူချိန် ကြာရှည်ခြင်း အားသာချက်ကို အသုံးချ ကာ Photovoltaic power အခြေစိုက်စခန်းတည်ဆောက်ပြီး နေရောင်ခြည်စွမ်းအင်သုံး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် အားစိုက်ဆောင်ရွက်ခဲ့သည်။

 တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်နန် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကုန့်ဟဲခရိုင် အစိမ်းရောင် စက်မှုဖွံ့ဖြိုးရေးခြံမြေအား ဩဂုတ် ၁၇ ရက် က တွေ့ရစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ‌နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစခန်းများတည်ဆောက်ပေး၍ ဓါတ်အားပေးကွန်ရက်ဖြင့် ချိတ်ဆက်ပေးခဲ့သည်။ ထိုမှတစ်ဆင့်ရရှိသော အကျိုးအမြတ်များကို ဆင်းရဲနွမ်းပါးမှု စာရင်းဝင် မိသားစုများ၏ အလုပ်အကိုင်လုပ်အားခ ကုသိုလ်ဖြစ်ထောက်ပံ့ရေးတွင် ထည့်သွင်းပေးခြင်းဖြင့် ၎င်းတို့၏ဝင်ငွေတိုးပွားရန် ပံ့ပိုးပေးခဲ့နိုင်ရာ ယခုအခါ ယခင်က ခြောက်သွေ့ ဝေးလံခေါင်ပါးသည့် ဟင်းလင်ပြင်သည် ဒေသအတွက် စက်မှုလုပ်ငန်း ငွေသောင်ပြင် အဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သည်။ (Xinhua)