ဒမက်စကက်စ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဆီးရီးယားသမ္မတ Bashar al-Assadက ပြင်သစ်အစိုးရပေးအပ်သည့် Legion of Honour ဂုဏ်ပြုဆု တံဆိပ်အားပြန်လည် အပ်နှင်းခဲ့သည်ဟု ဆီးရီးယားသမ္မတအိမ်တော် ပြန်ကြားရေးရုံးက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက်ဖော်ပြထားသည်။
ဗီယင်နာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Salzburg မြို့ရှိ ဘူတာရုံကြီး၌ ဧပြီလ ၂၀ ရက်က ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၅၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆာခရို (Sa Kaeo) ပြည်နယ်တွင် ဧပြီလ ၁၉ ရက်ညပိုင်းက ပစ်ကပ်ကားတစ်စီး လမ်းဘေးမြောင်း အတွင်းသို့ တိမ်းမှောက်ခဲ့ရာ ထိုင်းနိုင်ငံသား ဆယ်ကျော်သက် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျေရုဆလင်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဧပြီလ ၁၉ ရက်တွင် ကျင်းပသော အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့၌ အစ္စရေးအစိုးရနှင့် လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးလူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရသော Miguel Diaz-Canel ထံသို့ ဧပြီလ ၁၉ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။