Connect with us

Politics, Law & Military

 ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၌ ငွေကျပ် ၁၅ ဒသမ ၆၅ ဘီလီယံ တန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ 

သိမ်းဆည်းရမိခဲ့သော ICE များအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

 ရန်ကုန် ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ငွေကျပ် ၁၅.၆၅ ဘီလီယံတန်ဖိုးရှိ ICE အလေးချိန် ၆၂၆ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

 တာချီလိတ်မြို့နယ်၊ မယ်လိတ်ပါကော်-ဝှေလေလန် ကျေးရွာချင်းဆက်လမ်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င် များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ဩဂုတ် ၁၃ ရက်တွင် ဖတ်ဟိကျေးရွာဘက်မှ ၀မ်ဆောက်ခုံကျေးရွာဘက်သို့ စီးနင်းမောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေထိုင်သူ မောင်းနှင်လာသည့် မော်တော်ယာဉ်ရောက်ရှိလာသဖြင့် ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ သံဘူး၊ ပလတ်စတစ်အိတ်တို့ဖြင့် ထည့်ထားသည့် ICE အလေးချိန် ၂၁၀ ကီလိုအား သိမ်းဆည်းခဲ့ကြောင်း ၊ ထိုသို့ သိမ်းဆည်းနေစဉ် ALPHARD အမျိုးအစားမော်တော် ယာဉ်တစ်စီး ထပ်မံရောက်ရှိလာသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံတားဆီးရာ အဆိုပါမော်တော်ယာဉ်အား ၀မ်ဆောက်ခုံကျေးရွာအ၀င်လမ်းတွင် ရပ်တန့် ထားသည်ကိုတွေ့ရှိရပြီး ယာဉ်မောင်းအား မတွေ့ရှိဘဲ အနီးရှိလျှိုအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ICE အလေးချိန် ၇၈ ကီလိုအား သိမ်းဆည်းရမိခဲ့ကြောင်း ၊ ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ အဆိုပါကျေးရွာအနီးရှိရာဘာတောအတွင်း ရပ်တန့်ထားသည့် CHEVROLET အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့်ထည့်ထားသော ICE အလေးချိန် ၃၃၈ ကီလိုအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုကြောင့် ၀မ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117