ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။
နေပြည်တော် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပျက်စီးလျှက်ရှိနေသော လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
ကဘူးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်အနီး၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ပြီးနောက် လူ ၂၆ ဦးကျော် သေဆုံးခဲ့ပြီး အခြားသူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ အသစ်ခန့်အပ်ခြင်းခံရသော ဥက္ကဋ္ဌ လီကျန့်ရှူး (Li Zhanshu) က NPC သို့ တက်ရောက်သတင်းယူခွင့်ရသည့် သတင်းစာဆရာများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။