Connect with us

Politics, Law & Military

အရည်အသွေးမြင့် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံဖြင့် ဆောက်လုပ်မည်ဟု ဆို 

အစိုးရ၏ စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ရေနံထွက် ပစ္စည်းများအတွက် Oversea market အား မှီခိုမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း လိုအပ် ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်တို့တွင် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံတို့ဖြင့် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ယနေ့ နေ့လယ်ပိုင်း၌ ပြောကြားခဲ့ သည်။

“တရုတ်-မြန်မာ ရေနံစိမ်း ပိုက်လိုင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အလယ်အလတ်အဆင့် စက်ရုံတွေ(Medium Refinery)နဲ့ ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်မှာ အကြီးစား (New Integrated Refinery and Petrochemical Complex) စက်ရုံတွေ ဆောက်လုပ်သွားမှာပါ” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိ ရေနံချက် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသော တစ်ရက်လျှင် ဂါလံသုံးထောင်မှ သုံး  သောင်း အထိ ထွက်ရှိနိုင်သည့် ရေနံချက်ဖို (mini refinery) များအား အရည်အသွေးမြင့် ရေနံထွက် ပစ္စည်းများ ရရှိရေးအတွက် နည်းပညာ အကူအညီ ပေး၍ ယာယီလိုင်စင်များ ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊  တစ်ရက်လျှင် ဂါလံ တစ်ထောင်မှ သုံးထောင်အတွင်းသာ ထွက်ရှိသည့် ဒေသန္တ ရေနံ ချက်ဖိုများကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရေနံချက်လုပ်ခြင်းဆိုင်ရာ လိုင်စင်များ ထုတ်ပေး ခဲ့ရာ ၂၀၁၉ – ၂၀၂၀ ခုနှစ်အထိ လုပ်ငန်းရှင် ၁၇၀ ဦးနှင့် ရေနံချက်ဖို ၅၂၁ ဖိုအား လုပ်ဆောင်ခွင့် ပြုခဲ့ ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ရေနံစိမ်း ထုတ်လုပ်မှုမှာ လေးနှစ်တာအတွင်း ၂၀၁၆ – ၁၇ ခုနှစ်တွင် အမေရိကန် စည် ၄ ဒသမ ၂၉၇ သန်း၊ ၂၀၁၇ -၁၈ တွင် အမေရိကန်စည် ၃ ဒသမ ၉၆၆ သန်း၊၂၀၁၈ – ၁၉ တွင် အမေရိကန်စည် ၃ ဒသမ ၃၅၆ သန်း နှင့် ၂၀၁၉ – ၂၀ တွင် ၃ ဒသမ ၁၆၈ သန်း ရှိခဲ့ပြီး သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်မှု အနေဖြင့် ၂၀၁၆ – ၁၇ တွင် ၇၆၇၀၀၀၈ ကုဗပေ သန်း၊ ၂၀၁၇- ၁၈ တွင် ၆၆၇၅၈၃ ကုဗပေ သန်း၊ ၂၀၁၈ – ၁၉တွင် ၆၂၇၀၀၇ ကုဗပေသန်းနှင့် ၂၀၁၉ – ၂၀ တွင် ၆၇၀၃၆၂ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်းတို့ မှ ထွက်ရှိသော ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ သယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် ပိုက်လိုင်းကွန်ရက်များ အသစ်တည်ဆောက်ခြင်း၊ အစားထိုးပြုပြင်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် လေးနှစ်တာအတွင်း အသစ်တည်ဆောက်ခြင်း အတွက် ၁၂၄ ဒသမ ၄၇ မိုင်၊ အစားထိုးပြုပြင်ခြင်းအတွက် ၁၂၃ ဒသမ ၉ မိုင် ရှိခဲ့ကြောင်း၊ရေနံနှင့် ရေနံထွက် ပစ္စည်း ချက်လုပ်မှု အခြေအနေမှာ ရေနံစိမ်း ချက်လုပ်မှု ၁၁၂၈၈၄၃ ဒသမ ၁ မက်ထရစ်တန်၊ ရေနံဓာတု ပစ္စည်း ထုတ်လုပ်မှု ၄၅၄၅၂ တန်၊ ဓာတ်ဆီ ထုတ်လုပ်မှု ၇၆၀၁၅၁၈၂ ဂါလံ၊ ဒီဇယ်ဆီ ထုတ်လုပ်မှု ၁၃၆၃၀၃၇၉၅ဂါလံ၊ ရေနံဓာတ်ငွေ့ရည် (LPG) ၃၆၉၈၇ တန် ၊ ဓာတ်မြေသြဇာ ထုတ်လုပ်မှု ၄၇၃၅၆၉ မက်ထရစ်တန်၊ LPG လုပ်ငန်း လိုင်စင် ထုတ်ပေးမှု စုစုပေါင်း ၆၅၄ ခု ရှိကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.