ဘာလင်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier သည် ဂျာမနီသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား စက်တင်ဘာ ၁ ရက်က ဘာလင်မြို့ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃,၁၇၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် စက်တင်ဘာ ၁ ရက်အထိ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) စာသင်နှစ်အသစ် စတင်ခြင်းနှင့်အတူ COVID-19 ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအစဉ်များဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကောလိပ်များ နှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း နှင့် ကျောင်းသူကျောင်းသားများသည်လည်း ကျောင်းဝင်းထဲသို့ အသီးသီး ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ ယခုအထိ COVID-19 ကူးစက်ခံရသော ကလေးငယ် အရေအတွက် ၄၈၀၀၀၀ နီးပါးရှိကြောင်း အမေရိကန်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအကယ်ဒမီ နှင့် ကလေးဆေးရုံအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၉၃၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။