နေပြည်တော် ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ၅၆ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယနေ့ စတင် ကျင်းပခဲ့ပြီး ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲ အတွဲပေါင်း ၇,၇၄၈ တွဲအား အိတ်ဖွင့် တင်ဒါ စနစ်ဖြင့်...
နေပြည်တော်၊ မတ်လ ၁၁ ရက်(ဆင်ဟွာ) ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားကြောင်း RCSS ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက ယနေ့ ပြောကြား သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။