Connect with us

MYANMAR

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ၊ နေထိုင်မကောင်းစဖြစ်ချိန်တွင် ရောဂါလက္ခဏာများ ခံစားခဲ့ရ 

အောင်လအန်ဆန်ကို ရန်ကုန်မြို့၌ ပရိတ်သတ်များအား လက်ဝှေ့ရမ်း နှုတ်ဆက်နေမှုအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သူ အောင်လအန်ဆန်သည် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တနင်္လာနေ့တုန်းကကိုဗစ်-၁၉စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးဒီနေ့မှာတော့ကျွန်တော်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ဒါကြောင့်ကျွန်တော်နဲ့ကျွန်တော့်မိသားစုကွာရန်တင်း၁၄ရက်နေထိုင်ရတော့မှာဖြစ်ပါတယ်။”ဟု အောင်လအန်ဆန်းက ရေးသား အသိပေးခဲ့သည်။ 

အောင်လအန်ဆန်က နေထိုင်မကောင်း စဖြစ်သော ပထမ နှစ်ရက်တွင် အဖျားရှိခြင်း ၊ အသက်ရှုရကြပ်ခြင်း ၊ ကိုယ်လက်ကိုက်ခဲခြင်း နှင့် မောပန်းခြင်းများ ခံစားခဲ့ရကြောင်း ၊ သို့သော် ၎င်း၏ မိသားစုဝင်များမှာ နေထိုင်ကောင်းပြီး ကောင်းမွန်စွာ အဆင်ပြေနေကြောင်းလည်း အသိပေးခဲ့သည်။

“ကျွန်တော်တို့ဒီအခြေအနေကို အတူတကွအကောင်းဆုံးရင်ဆိုင်ပြီး ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ။”ဟု ရေးသားထားသည်။

လက်ရှိတွင် အောင်လအန်ဆန်း နှင့် ၎င်းတို့၏ မိသားစုသည် အမေရိကန်နိုင်ငံ၌ နေထိုင်နေလျက် ရှိသည်။ အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ (ONE Middleweight & Light Heavyweight World Champion) ကိုပိုင်ဆိုင်ရရှိထားသူ တစ်ဦး ဖြစ်သည်။ (Xinhua)