ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်အား ယခင်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ၈.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ မတ်လ ၅ ရက်တွင် တင်သွင်းလိုက်သည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံသည် ကျတ်တီးမြေများမှ ပြောင်းရွှေ့လာသည့် ပြည်သူ ၂.၈သန်းအပါအဝင် ကျေးလက်နေပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးသည့် ပြည်သူများအဖြစ်မှ လွတ်မြောက်အောင် ထပ်မံလျှော့ချသွားမည်ဟု မတ် ၅ရက်တွင်ပြောခဲ့သည်။
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ အထွေထွေစက်မှုကဏ္ဍ အား ပြီးပြည့်စုံစွာ ဖွင့်လှစ်ပေးပြီး အခြားသော ကဏ္ဍများတွင်လည်း ပါဝင်ခွင့်အား တိုးမြှင့်ပေးခြင်းဖြင့် ၂၀၁၈ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ လမ်းဖွင့်ပေးထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အိမ်ခြံမြေ အခွန်ဥပဒေအား ချင့်ချိန်ကာ တိုးမြှင့်မည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) မှ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးမှု စနစ်သည် လူသားမျိုးနွယ်၏ နိုင်ငံရေးယဉ်ကျေးမှုအတွက် မဟာထောက်ပံ့ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း မတ် ၄ရက် တွင်ပြောကြားခဲ့သည်။