ဘိုအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုများစွာ ရှိစေကာ မည်သူ့ကိုမျှ ခြိမ်းခြောက်ခြင်း၊ တည်ရှိပြီးသား နိုင်ငံတကာစနစ်ကို ပြောင်းပြန်ဖြစ်အောင်ကြိုးပမ်းခြင်း၊ သြဇာအာဏာလွှမ်းမိုးမှုရှိအောင် လုပ်ဆောင်ခြင်း တို့ကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဧပြီ ၁၀ ရက်ကပြောကြားခဲ့သည်။
တီဟီရန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ဧပြီလ ၉ ရက်နေ့တွင် ဆီးရီယားရှိ လေတပ်စစ်အခြေစိုက်စခန်းတစ်ခု လေကြောင်းဖြင့်တိုက်ခိုက်ခံရ သောကြောင့် အီရန် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၄ ဦး သေဆုံးခဲ့သည်ဟု အီရန်Fars news agency၏ ပြောကြားချက်အရ သိရှိရသည်။ သေဆုံးသူအမည်စာရင်းကို ၎င်းသတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။
ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လူသားမျိုးနွယ်အတွက် အနာဂါတ်မျှဝေအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်၊ အာရှ နှင့် ကမ္ဘာတစ်ခုလုံးတွင် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ ပွင့်လင်းမြင်သာမှု၊ လှပမှုများ ရှိလာစေရန် ကမ္ဘာအရပ်ရပ်မှ လူသားများအားလုံး အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ဧပြီ ၁၀...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆန်ခါရွာအနီး မဟာ ကျောက်မျက်ကုမ္ပဏီရှိ စွန့်ပစ်မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက် ကပြောကြားခဲ့သည်။