Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်မည့်သန္နိဋ္ဌာန် ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံပြည်သူများတွင် မပြောင်းမလဲ ခိုင်မာမြဲမြံလျက်ရှိ

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသောအမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းမှုထောက်ခံပွဲတစ်ခုအား ဇွန် ၁ရက်က ပြုလုပ်စဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ဇွန် ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်က တရုတ်အစိုးရအရာရှိများအား ဗီဇာကန့်သတ်မှုများ ဆောင်ရွက်သွားမည်ဟူသောကြေညာချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့်အမှားများကို ချက်ချင်းပြင်ဆင်ရန် တိုက်တွန်းကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဗဟိုအစိုးရက ဖျက်ဆီးနေသည်ဟူသော   အမေရိကန်၏ သွားပုတ်လေလွင့်ပြောဆိုမှုသည် အမှားအမှန်ကို ပြောင်းပြန်လုပ်သည့် မိမိကိုယ်ကို  လှည့်စားခြင်းသာဖြစ်ကြောင်း  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မည်သူကမျှ တရုတ်နိုင်ငံအစိုးရထက်ပို၍ “တစ်နိုင်ငံစနစ်နှစ်ခု”ကို ဘက်စုံ တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် စိတ်ရင်းခံနှင့်ဆုံးဖြတ်ချက်မရှိသလို ၊ မည်သူကမျှ တရုတ်နိုင်ငံအစိုးရထက် ဟောင်ကောင်၏သာယာဝပြောမှု၊တည်ငြိမ်အေးချမ်းမှုနှင့် ဟောင်ကောင်ဒေသပြည်သူများ၏ ချမ်းသာသုခကို ပို၍အလေးထားဂရုစိုက်ခြင်း မရှိကြောင်း ၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသည်“တစ်နိုင်ငံစနစ်နှစ်ခု”ကို ခိုင်မာရန်နှင့်ပြည်စုံကောင်းမွန်စေရန်  အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်သလို ပရမ်းပတာ အကျပ်အတည်းအခြေအနေကို ကျော်လွှားရန်နှင့် ရေရှည်တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ရန် အခြေခံမူဝါဒဖြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဟောင်ကောင်ဒေသခံပြည်သူ ၃ သန်း နီးပါး ပါဝင်သည့် “အမျိုးသားလုံခြုံရေးဥပဒေ ထောက်ခံမှု” လက်မှတ်ထိုးလှုပ်ရှားမှု ၊ ဟောင်ကောင်ဒေသ ပြည်သူ ၁.၂၈ သန်းကျော် ပါဝင်သည့် “အမေရိကန်စသည့် ပြည်ပအင်အားစုများ၏ စွက်ဖက်မှုကို ဆန့်ကျင်ခြင်း”အွန်လိုင်းပူးတွဲလှုပ်ရှားမှုများနှင့်အတူ သက်ဆိုင်ရာ ဥပဒေပြုရေးလုပ်ဆောင်ချက်များသည် အောင်မြင်စွာ တိုးတက်လျက်ရှိကြောင်း  ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံအစိုးရ၏ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းချက် သန္နိဋ္ဌာန်သည် မပြောင်းမလဲခိုင်မာမြဲမြံလျက်သလို နိုင်ငံ၏အချုပ်အခြာအာဏာ၊လုံခြုံရေး၊ ဖွံဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့်  သန္နိဋ္ဌာန်သည်လည်း မပြောင်းမလဲ ခိုင်မာလျက်ရှိကြောင်း  ၊ “တစ်နိုင်ငံစနစ်နှစ်ခု” ကို  အကောင်အထည်ဖော်ဆောင်ရွက်ရန်  ဆုံးဖြတ်ချက်သည်လည်း မပြောင်းမလဲခိုင်မာသလို ဟောင်ကောင်ရေးရာကို စွက်ဖက်သည့် မည်သည့်ပြည်ပအင်အားစုကိုမဆို ဆန့်ကျင်မည့် ဆုံးဖြတ်ချက်သည်လည်း  မပြောင်းလဲဘဲခိုင်မာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို ဘန်းပြသည့် ဟောင်ကောင်ရေးရာစွက်ဖက်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာဆန့်ကျင်ကြောင်း၊ ယင်းပူးတွဲကြေညာချက်၏ အဓိကဗဟိုသည်  ဟောင်ကောင်၏အချုပ်အခြားအာဏာကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် တရုတ်နိုင်ငံသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိပြီးနောက် အမေရိကန် ၊ဗြိတိန်အပါအဝင် အခြားပြည်ပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသအပေါ်တွင် အခွင့်အာဏာမရှိ၊ စီမံအုပ်ချုပ်ခွင့်မရှိ၊ ကြီးကြပ်ခွင့်မရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်မံအလေးထားပြောကြားခဲ့သည်။

ဟောင်ကောင်သည် တရုတ် နိုင်ငံ၏ ဟောင်ကောင်ဖြစ်သလို ဟောင်ကောင်ရေးရာသည် လုံးဝ ဥဿုံ  တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ၊ အမေရိကန်အနေဖြင့် ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို ချက်ချင်းရပ်တန့်ရန် ၊ သို့မဟုတ်ပါက တရုတ်နိုင်ငံ၏ အားကောင်းပြင်းထန်သည့် ပြန်လည်တုံ့ပြန်မှုကို ခံရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.