Connect with us

MYANMAR

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကိုဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်  ပြည်သူသို့ ပန်ကြားချက်၊အမိန့်များအား ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကိုဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေး အတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်စသည်တို့အား ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဇွန်လ ၂၇ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက “အထက်တန်းကျောင်းတွေတောင် ၂၁ ရက်မှ ဖွင့်မှာ ဆိုတော့ ရက်တိုးတာက လုပ်သင့်တယ်လို့ ထင်တယ်။ နောက်ပြီး တဖြည်းဖြည်း နဲ့ အစိုးရက လျှော့ချပေးနေတာလည်း ရှိတယ်။ စက်ရုံအလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာ၊ ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာတို့  ရှိလာပြီ။ ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံခြားအဝင်တွေ ကိုထိန်းချုပ်ထားဖို့လိုတယ်။ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ကနေ ကြပ်မတ်ထားတဲ့ ကိစ္စ ကိုလည်း ထပ်ပြီး ကြပ်မတ်ထားဖို့ လိုအပ်သေးတယ်လို့မြင်ပါတယ်။ အခုလို ရက်ထပ်တိုးတဲ့ အတွက် ပြည်သူလူထုကို အဟန့် ဖြစ်စေမယ်လို့ ထင်ပါတယ်။ ရောဂါကြီးက ပြီးသွားသေးတာမဟုတ်ဘူးဆိုတဲ့ အနေအထားကို ပြည်သူလူထုအနေနဲ့ သိထားရမယ်။’’ ဟု ဇွန်လ ၂၇ ရက် ညပိုင်းတွင် ဆင်ဟွာကို ပြောသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေး အတွက် ဇွန်လ ၃၀ရက်နေ့ အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့်ကိစ္စရပ်များမပါ) အား ရက်ထပ်မံတိုးမြှင့်သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ပါရှိသည်။  (Xinhua)