ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်တွင် ဘိန်းဖြူများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ချင်းမိုင် ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinai ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ၅ ထပ်အဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခေါင်မိုးနှင့်ကြမ်းခင်းအစိတ်အပိုင်းအချို့ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Qianliyan ကျွန်းသည် အရှေ့ပိုင်းကမ်းရိုးတန်းဒေသ မြစ်ဝါမြစ်၏ အလယ်တွင် တည်ရှိပြီး အဆိုပါ ကျွန်းတွင် ရေကြောင်းစောင့်ကြည့်လေ့လာရေး အဆောက်အဦ တစ်ခုကို တည်ဆောက် ထားရှိသည်။ အဆိုပါ အဆောက်အဦတွင် တာဝန်ကျသည့်ဝန်ထမ်းများမှာ နားရက် မရှိဘဲ ဆက်တိုက် စောင့်ကြည့်လေ့လာ...