Connect with us

North America

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် ၇.၅ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်တွင် ဇွန် ၂၃ ရက်က ပြင်းအာ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း မက္ကဆီကို မြို့ပြကာကွယ်ရေးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။  

မက္ကဆီကို အမျိုးသား မြို့ပြကာကွယ်ရေးဌာနနှင့် ဒေသအမြောက်အမြားရှိ မြို့ပြကာကွယ်ရေးဌာများ၏ ကြေညာချက်များအရ ယခု ငလျင်လှုပ်ခတ်မှုကို ပြည်နယ် ၁၂ ခုက ခံစားသိရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ငလျင်လှုပ်ခတ်ရာတွင် တောင်မြေပြိုမှု၊ အဆောက်အဦပြိုလဲပျက်စီးမှုနှင့် အမြင့်မှပြုတ်ကျမှုကြောင့်  လူ ၆ ဦး သေဆုံးပြီး  Oaxacaပြည်နယ်ရှိ လူနေအိမ်ခြေ၊ဈေးဆိုင်၊ စာသင်ကျောင်း၊ လေဆိပ်နှင့် ဆေးရုံများတွင် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဗဟိုချက်မှ တစ်ရာကီလိုမီတာအကွာခန့်ရှိ ရေနံချက်စက်ရုံတစ်ခုသည်ငလျင်ကြောင့် မီးလောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ မီးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပြီး ပုံမှန်လည်ပတ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။ဒေသခံအစိုးရက ငလျင်ကြောင့် မျက်ကွယ် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်မှုကို  စိစစ်နေပြီး ဆုံးရှုံးနစ်နာမှုများကို တွက်ချက်လျက်ရှိကြောင်း သိရသည်။မြို့တော် မက္ကဆီကို စီးတီး မြို့ပြကာကွယ်ရေးဌာန အစီရင်ခံစာအရ မက္ကဆီကို စီးတီးတွင် အဆောက်အဦနှင့်လူနေအိမ်ခြေ ၃၀ ကျော် ပျက်စီးခဲ့ကြောင်းနှင့် လူစုခွဲရှင်းလင်းရေးများလုပ်ဆောင်စဉ် အချို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အပြင်သို့ ထွက်ပြေးတိမ်းရှောင်လာသူများအား ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုအမျိုးသားငလျင်တိုင်းတာရေးဌာန(SSN)၏ထုတ်ပြန်သည့် သတင်းများအရ ငလျင်သည် ဇွန် ၂၃ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၂၉ မိနစ်တွင် Oaxaca ပြည်နယ် La Crucecita တောင်ဘက် ၂၃ ကီလိုမီတာတွင် အနက် ၅ ကီလိုမီတာဖြင့် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

မက္ကဆီကိုနိုင်ငံသည် ပစိတ်ဖိတ်သမုဒ္ဒရာ ငလျင်ခါးပတ်ကြောတွင် တည်ရှိရာ ငလျင်လှုပ်ခတ်မှုအမြောက်အမြားဖြစ်ပွားလေ့ရှိသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်က မက္ကဆီကို တောင်ပိုင်း ပင်လယ်ပြင်တွင် အင်အား ၈.၂ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူ ၉၈ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်လည်း မက္ကဆီကို အလယ်ပိုင်း၌ ၇.၁အဆင့် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၆၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)