မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးနှင့် Oaxaca ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၆ ရက်က ပျက်ကျခဲ့ပြီး အနည်းဆုံး မြေပြင်ပေါ်ရှိ လူ နှစ်ဦး သေဆုံးခဲ့ကြောင်း ရဟတ်ယာဉ်ပေါ်၌သို့ လိုက်ပါသွားသော အရာရှိများ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး များကို ဆွေးနွေးကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် လမ်း ၆၀ ကြား ဇ ၆ ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆လုံးထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထံမှ သိရသည်။...
တီဟီရန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အစိုးရ က မြေအောက်ရေခန်းခြောက်တော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသော ဧရိယာများတွင် စပါးစိုက်ပျိုးမှုကို တားမြစ်ရန် စီစဉ်နေကြောင်း Financial Tribune နေ့စဉ်သတင်းစာ က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအသစ်(၅)ခုတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ရန်ကုန်မြို့ရှိ မြန့်မာ့အသံဝင်းအတွင်း ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရသိရသည်။